المدة الزمنية 3:47

ရခိုင်မှာ ကိုဗစ်လူနာတိုးလာလို့ အောက်စီဂျင်အခက်အခဲဖြစ်လာနိုင် - BBC News မြန်မာ

3 304 مشاهدة
0
124
تم نشره في 2021/07/23

ရခိုင်ပြည်နယ်တွင်း ကိုဗစ် တတိယလှိုင်းစတင်ဖြစ်ပွားခဲ့တဲ့အချိန်တွေမှာ ပြည်နယ်ကောင်စီဘက်ကရော ဆေးရုံတာဝန်ရှိသူတွေဘက်ကပါ ရခိုင်မှာ အောက်စီဂျင်အလုံအလောက်ရရှိနေတဲ့ အတွက် ကိုဗစ် ကူးစက်ခံရသူတွေအတွက် စိုးရိမ်စရာမရှိနိုင်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့ အခုရောဂါကူးစက်မှုနှုန်းမြင့်တက်လာချိန်မှာတော့ အောက်ဆီဂျင်အခက်အခဲတွေ စတင်ကြုံတွေ့လာရပြီလို့ဆိုပါတယ်။ရခိုင်ပြည်နယ်အတွင်းအောက်ဆီဂျင်လိုအပ်ချက်ရှိလာနိုင်တဲ့ အခြေအနေနဲ့ဆောင်ရွက်ထားရှိမှုတွေအကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီမြန်မာပိုင်း

الفئة

عرض المزيد

تعليقات - 1